Pages

Thursday, August 12, 2010

ကျနော့်ချစ်သူ

ကျနော့်ချစ်သူဆိုတာထက် ခေတ်စကားနဲ့ပြောရရင် နောက်ဆုံးချစ်သူဆိုရင် ပိုမှန်မှာပါ။ နောက်ဆုံးချစ်သူဆိုတော့ ရှေ့ဆုံးချစ်သူတို့ လမ်းတစ်ဝက်ချစ်သူတို့ ခဏချစ်သူတို့မတော်တဆချစ်သူတို့ လျှပ်တစ်ပျက်ချစ်သူတို့အများကြီးရှိတာပေါ့ဒါပေမဲ့ ကျနော်က နောက်ဆုံးချစ်သူအကြောင်းကိုဘဲ အရင်ပြောပြပါမယ်ခင်ဗျ။ကျနော်က နောက်ဆုံးချစ်သူလို့ ဘာလို့ခေါ်လဲဆို တော့ ကျနော်ဘ၀မှာ နောက်ဆုံးချစ်ခဲ့ပြီး သူမနဲ့ဘဲလက်ထပ်ဖြစ်ခဲ့လို့ပါ။လက်ထပ်ပြီးရင်လဲ ချစ်သူထပ်ရှိနိုင်တာဘဲလေ ကျနော်ကသူမကို ဘဲ တကယ်နှစ်နှစ်ကာကာချစ်ခဲ့ဆိုတာသူမလဲသိပါတယ် ဘာလို့လဲဆိုတော့ သူမ သိအောင် ကျနော်ပြနိုင်ခဲ့လို့ပေါ့ (သက်သေ)။ သူမနာမည်က အေးအေးမြင့်တဲ့ တစ်ခိုင်လုံးရွှေ မဟုတ်ဘူးနော် အဲဒီအချိန်တုန်းက တစ်ခိုင်လုံးရွှေအငြိမ့်ကလဲနာမည်ကြီးနေတဲ့ အချိန်ပေါ့။
သူမနဲ့ကျနော်စတွေ့ခဲ့ကြပုံက ရိုးရှင်းပါတယ် ဇာတ်လမ်းတွေထဲကလိုပါဘဲ(ဒါ့ကြောင့်များဇာတ်လမ်းဖြစ်တယ် ဆိုပြီးပြော ကြတာနေမှာ)သူမဦးလေးနဲ့ကျနော်နဲ့က ဦးစီးဌာနတစ်ခုမှာတူတူအလုပ်ဝင်ခဲ့ကြပြီး သူမအိမ်ကိုဝင်ထွက်ရာမှကျနော်တို့စတွေ့ခဲ့ကျတာ။ စတွေ့ခဲ့ကြပုံက ရိုးရိုးလေးဆိုပေမဲ့ သေသေချာချာစဉ်းစားကြည့်ရင်တော့ တကယ်ဆန်းပါတယ်။ကျနော်တို့နေကြတာ တစ်ရပ်ကွက်ထဲ ကျောင်းတက်ခဲ့ကြတာလဲတစ်ကျောင်းထဲ ဆယ်တန်းအောင်ခဲ့ကြတာလဲ တစ်နှစ်ထဲ ဒါပေမဲ့တစ်ခါမှမတွေ့ဖူးကြပါဘူး။ သူမ ရှိတယ် ဆိုတာကိုတောင်မကြားဖူးခဲ့ပါဘူး တွေ့ဖူးတော့လဲတစ်ခဏလေးပါဘဲ။ကျနော်ရုပ်ရည်ကလဲ မိန်းကလေးတစ်ယောက် နှစ်ခါပြန်ကြည့် စရာမလိုတဲ့ ရုပ်ရည်မျိုးဟာကိုး မှတ်မိလို့မဟုတ်ဘူး ကြည့်စရာကိုမလိုတာ စိတ်ဝင်စားစရာကိုမရှိတာ(တော်ပါပြီ ကိုယ့်ကိုယ်ကို ကိုယ်အမွှန်းတင်တာ) နောက်ပြီးကျနော်ကအဝေးသင်တက်တယ် ဟိုတုန်းကတော့စာပေးစာယူပေါ့ သူမကdayတက်တယ် တစ်ခါလေးတွေ့ခဲ့ဘူးပြီး နောက်ထပ်မတွေ့ရတော့ဘူး။သူရှိမှန်းတော့သတိထားမိခဲ့တယ်လေ နောက်ပိုင်းကျတော့ ကျနော်ကအိမ်ထဲဝင်လည်တာတို့ သူမအိမ်ကိုမကြာမကြာသွားတာတို့ သူမကလဲကျောင်းပိတ်လို့ပြန်လာတာတို့ ကြတော့ခဏခဏဆုံဖြစ်တယ်။ဒါပေမဲ့သူမမျက်နှာကို သေသေချာချာမကြည့်ရဲလို့ မျက်လုံးချင်းတောင်ဆုံခွင့်မရခဲ့ဘူလေ။
ဒါပေမဲ့ ကျနော်တို့နှစ်ယောက်ဆုံဖို့ အကြောင်းကဖန်လာတယ် အရေးအခင်းဖြစ်လို့ကျောင်းတွေပိတ်တော့ အိမ်သွား တိုင်းတွေ့ရတော့ မျက်မှန်းတမ်းမိပြီးတစတစနဲ့ရင်းနှီးလာတာပေါ့....တစ်နေ့...... အဲ့ဒီနေ့ကိုတော့ကျနော်မမေ့နိုင်ပါဘူး ဒါပေမဲ့ အကြောင်းအရာပြောတာ ရက်စွဲအတိအကျတော့မမှတ်မိဘူး....ဒီရက်မှမဟုတ်ဘူး...ဘယ်ရက်စွဲမှအတိအကျမမှတ်မိပါ ဘူး ဒါကကျနော့်အားသာချက်ပါ.... သင်္ကြန်လိုက်လည်ပြီးပြန်လာတော့ သူမအိမ်ဘက်ဝင်လည်တယ်လေ အ၀တ်လျှော်နေတဲ့ သူမကို ရေလောင်းလိုက်ရတယ်....သူမကထမီရင်လျှားနဲ့ပေါ့ ရေလောင်းရင်းကျနော့်ရင်တွေခုန်နေတာ ပြန်စဉ်းစားမိရင်ခုထိရင် နေတုန်းပါဘဲ...(နောက်နေ့မှဆက်တော့မယ်)

No comments:

Post a Comment